မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အင်ဒိုနီးရှားအောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Dr. (H.C.) Puan Maharani နှင့် အောက်လွှတ်တော်၊ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဌ Hon Dr.Fadli Zon တို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အင်ဒိုနီးရှားအောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Dr. (H.C.) Puan Maharani နှင့် အောက်လွှတ်တော်၊ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဌ Hon Dr.Fadli Zon တို့ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

“အနောက်ဂျာဗားရှိ ဂျန်ဂျူးမြို့ (Cianjur) တွင် အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ကလေးသူငယ်များအပါအဝင် အင်ဒိုနီးရှားပြည်သူ ၁၆၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့‌ ကြောင်း ကြားသိရသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း” ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အင်ဒိုနီးရှားအောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Dr. (H.C.) Puan Maharani နှင့် အောက်လွှတ်တော်၊ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဌ Hon Dr. Fadli Zon တို့ထံသို့ ၂၂-၁၁-၂၀၂၂ ရက်စွဲဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် “အသက်ဆုံးရှုံးသွားရသူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများအတွက် ဝမ်းနည်းရပါကြောင်း၊ ထိခိုက်ဒဏ်ရာရခဲ့သူများအနေဖြင့် အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ပါစေကြောင်း၊ မိမိတို့အနေဖြင့် ခက်ခဲလှသည့် ယခုအချိန်တွင် အင်ဒိုနီးရှားအစိုးရ၊ လွှတ်တော်၊ မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားပြည်သူများနှင့်အတူ ရပ်တည်ပါကြောင်း” ဖြင့် ဖော်ပြပါရှိသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
class=wp-image-2724/

class=wp-image-2725/
Scroll to Top