ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်သည် International IDEA ၏ Head of Programme, Myanmar မှ Marcus Brand အား ၃-၆-၂၀၂၂ ရက်နေ့တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် IDEA အနေဖြင့် လက်ရှိ ကြားကာလ လွှတ်တော်လုပ်ငန်းစဉ်များအပေါ် ကူညီပံ့ပိုးမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
International IDEA သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုး ရေးထိုး၍ လွှတ်တော်ဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ကူညီပံ့ပိုးနေသော မိတ်ဖက် အဖွဲ့အစည်းဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
