ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် Chin Association of Maryland ၏ အမှုဆောင်ဒါရိုက်တာ ဦးဇိုသုန်းမှုန်နှင့်အတူ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ နိုင်ငံတကာ ရီပါဗလစ်ကန် အင်စတီကျူ (International Republican Institute)၏ စီမံကိန်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Scott Mastic ၊ အာရှ-ပစ္စဖိတ်ဒေသဆိုင်ရာ တွဲဖက်ဒါရိုက်တာ ဖြစ်သူ Mr. Adam King၊ မြန်မာနိုင်ငံဆိုင်ရာ ပရိုဂရမ်မန်နေဂျာ Ms. Sarah Gengler နှင့် မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဦးကျော်ဇေယျာဝင်းတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် (တနင်္လာနေ့) တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ပံ့ပိုးကူညီရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
