မူလ / လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လွှတ်တော်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လွှတ်တော်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် (ကြာသပတေးနေ့)၊ ၀၉၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များနှင့် ကမ္ဘာ့နိုင်ငံများ၏ သဘောထားအမြင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အခန်းကဏ္ဍ၊ လက်ရှိတော်လှန်ရေးတွင် ပါဝင်ဆောက်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်သွားမည့် ကဏ္ဍများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်ဆောင်ရွက်နေမှုများ၊   အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်ဆောက်ရွက်သင့်သည်များ၊ လွှတ်တော်ကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးခွန်းမေးမြန်းမှုများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မတီများက ဆွေးနွေးဖြေကြားခဲ့ပြီး ၁၁၄၀ နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က “တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန် ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တိုးမြင့်လုပ်ဆောင်သွားရန်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်” တိုက်တွန်းခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top