မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် လက်ရှိနိုင်ငံရေး အခြေအနေများ၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်(တနင်္ဂနွေနေ့)၊ ၁၀၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် “စစ်ကောင်စီက မကြာသေးခင်က ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းအရ ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် ရာခိုင်နှုန်းကို သိရှိနိုင်သကဲ့သို့ စာရင်းမှန်ကန်မှုလည်း မရှိသည်မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါကြောင်း၊ သို့သော် ရန်သူသည် ၎င်းတို့ လုပ်ဆောင်ချင်သည်များကို ဖြစ်အောင်ရှေ့ဆက်နေပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း၊ ပြည်ပက အသိအမှတ်ပြုထားမှုနှင့်အတူ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ဗျူဟာတစ်ရပ်ဖြင့် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းတုံ့ပြန်သွားရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော် အခန်းကဏ္ဍအနေဖြင့် ပိုမိုပီပြင်စွာ ဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဥ်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် အခြားသိရှိလိုသည့်မေးခွန်းများအား မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကာ ၁၁၄၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top