မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တအာင်း(ပလောင်)အမျိုးသားပါတီတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တအာင်း(ပလောင်)အမျိုးသားပါတီတို့ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ ၁၇၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တအာင်း(ပလောင်)အမျိုးသားပါတီတို့သည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများအပေါ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် တအာင်း(ပလောင်)အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဂျားတို့က အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။

ယင်းဆွေးနွေးမှုတွင် နှစ်ဖက်အဖွဲ့အစည်းတို့က လွှတ်တော်ကဏ္ဍ၊ နိုင်ငံရေးနှင့် မြေပြင်လိုအပ်ချက်များတွင် ရှေ့ဆက် လက်တွဲပူး‌ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းတိုင်ပင်ကာ ၁၈၃၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်‌ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top