မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား/ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား/ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များနှင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား/ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် လက်ရှိနိုင်ငံရေးအခြေအနေများ၊ လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် (အင်္ဂါနေ့)၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အခန်းကဏ္ဍအနေဖြင့် ပိုမိုပီပြင်စွာ ဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဉ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေသည့် အခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ လွှတ်တော်အနေဖြင့် ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် မဟာမိတ်အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာလုပ်ငန်းစဉ်များအား မေးမြန်းခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များက ပြန်လည်ဖြေကြားဆွေးနွေး၍ ပြည်နယ်များတွင် တွေ့ကြုံနေရသည့်မြေပြင်အခြေအနေများအား အပြန်အလှန် မျှဝေခဲ့ကြကာ ၁၂၀၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား/ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top