မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်(၃)ရပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်(၃)ရပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်(၃)ရပ် လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်၏ လွှတ်တော်ဥက္ကဋ္ဌက  လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်တွင် ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အနေဖြင့် အစီအမံပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ တက်ရောက်လာသူများက ဆွေးနွေးမေးမြန်း၍ ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း‌ ဖြေကြားခဲ့ကြသည်။ ထို့နောက် ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးလုပ်ငန်းစဥ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကာ ၁၂၃၀ နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်(၃)ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top