၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးတို့အတွက် မဆုတ်မနစ်ကြိုးပမ်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးချစ်ထွန်းသည် ၂၅-၉-၂၀၂၅ ရက်နေ့တွင် ကင်ဆာရောဂါ ဖြင့် တော်လှန်ရေးတာဝန်များကိုထမ်းဆောင်ရင်း ကွယ်လွန်အနိစ္စရောက်သွားကြောင်း ကြားသိရ ပါသဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ အလွန်ဝမ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။
အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုအမျိုးမျိုးနှင့် အခက်အခဲများကြားက ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန်များကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချစ်ထွန်း၏ ခိုင်မာပြတ်သားသည့် စိတ်ဓာတ်သည် ပြည်သူ လူထုနှင့် တော်လှန်ရေးအင်အားစုအားလုံးအတွက် စံနမူနာကောင်းတစ်ရပ်ဖြစ်ပါသည်။
ဒုတိယဝန်ကြီး ဦးချစ်ထွန်းအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း လမ်းခုလတ်မှာ ကွယ်လွန်သွားခဲ့ပြီး ခရီးဆုံးသည်အထိ မပါဝင်နိုင်တော့သည့်အတွက် မိမိတို့အနေဖြင့် လွန်စွာနှမြောမိသကဲ့သို့ ပြည်သူလူထုနှင့်အတူ ဝမ်းနည်းကြေကွဲရပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဒုတိယဝန်ကြီး ဦးချစ်ထွန်း၏ မပြီးပြတ်သေးသည့် ရည်မှန်းချက်ပန်းတိုင်ကို တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုအားလုံးတို့နှင့်အတူ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ ဒုတိယဝန်ကြီး ဦးချစ်ထွန်း ကောင်းမွန်ရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင် ပါစေကြောင်း ဆန္ဒပြုလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


