မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဥ်း၍ လာရောက်ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ် ပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဥ်း၍ လာရောက်ရှင်းလင်းတင်ပြခြင်းအစီအစဥ်တစ်ရပ် ပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည့်အစီအစဥ်တစ်ရပ်အား  ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ ၁၉၀၀ နာရီတွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည်။

ရှင်းလင်းတင်ပြမှုတွင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက် (၃)ရပ်ဖြစ်သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများအား ကာကွယ်ပေးရန် (Protect)၊ ဖြည့်ဆည်းပေးရန်   (Provide) နှင့် ၎င်းတို့၏ ဖက်ဒရယ်တည်ဆောက်ရေးပါဝင်မှုကို မြှင့်တင်ပေးရန် (Promote) တို့ကို အဓိကထားလုပ်ဆောင်နေကြောင်း၊ ဌာနကြီး (၅)ခု ဖွဲ့စည်းထားရှိကာ မြေပြင်ကွန်ရက် ဖော်ဆောင်ထားရှိ၍ ချိတ်ဆက်မှုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းအင်းဆိုင်ရာ  မှတ်တမ်းများနှင့် ကိန်းဂဏန်းအချက်အလက်များ ပြုစုထားရှိမှုနှင့် ၂၀၂၃ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ဖော်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းအကြံပြုချက်များအပေါ် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့သည်။

နွေဦးတော်လှန်ရေးကာလတွင် လွှတ်တော်နှင့်အစိုးရတို့ကြား လုပ်ငန်းများ ပိုမိုချိတ်ဆက်မှုရှိစေရန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းစဥ်များအား တွေ့ဆုံညှိနှိုင်းနိုင်စေရန် ရည်ရွယ်လျက် ယခုကဲ့သို့ ဝန်ကြီးဌာနများ၏ ရှင်းလင်းတင်ပြမှုအစီအစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် နှစ်ပတ်တစ်ကြိမ် ထည့်သွင်းကျင်းပလျက်ရှိသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top