မူလ / ဝန်ကြီးဌာန၏ သက်ဆိုင်ရာဦးစီးဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် နယ်မြေဒေသအခြေအနေများအား ရှင်းလင်းတင်ပြခြင်း

ဝန်ကြီးဌာန၏ သက်ဆိုင်ရာဦးစီးဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအပါအဝင် နယ်မြေဒေသအခြေအနေများအား ရှင်းလင်းတင်ပြခြင်း

၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဦးစီးဌာနများဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာတွင် မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဝန်ကြီးဌာနအသီးသီးတို့ကြား ချိတ်ဆက် ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ လုပ်ငန်းလမ်းညွှန်များရေးဆွဲထုတ်ပြန်ထားပြီး ၎င်းတို့နှင့်အညီ ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အထူးစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့လက်မှတ်ထုတ်ပေးနိုင်ခဲ့သည့်ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဦးလွင်ကိုလတ် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဆက်လက်ကျင်းပရာ ဘဏ္ဍာရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ NUCC  ရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများ၏ အကြံပြုချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top