မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၂/၂၀၂၄)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍ၊ ဆရာအတတ်သင်ကဏ္ဍ၊ Digital Infrastructure ၊ မဟာဗျူဟာနှင့်မူဝါဒရေးရာ၊ သုတေသနနှင့်ဖွံ့ဖြိုးရေး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေး၊ ဘဏ္ဍာရေးနှင့်အရင်းအမြစ်၊ နိုင်ငံတကာစီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေး၊ ဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းဌာနတို့၏လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ဦးစွာ ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တက်ရောက်လာသည့် ရေးရာကော်မတီများမှ အဖွဲ့ဝင်များက ဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှုန်း တိုးတက်လာအောင် မည်သို့ဆောင်ရွက်သွားမည့် အခြေအနေ၊ နယ်စပ်ဒေသတွင် ကျောင်းတက်နေရသည့် စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နိုင်ငံခြားပညာသင်ဆုများ လျှောက်ထားနိုင်သည့်အခြေအနေ၊ အခြေခံပညာအထက်တန်းအောင်လက်မှတ် မရသည့် ကျောင်းသားများအတွက် Second Chance အနေဖြင့် ဆောင်ရွက်ထားသည့်အခြေအနေ၊ CBO/CSO ကျောင််များရှိသဖြင့် ဝန်ကြီးဌာနက ညွှန်ကြားချက်များထုတ်ပြန်သည့်အခါ ၎င်းကျောင်းများနှင့် ချိတ်ဆက်ထားမှုအခြေအနေ၊ ကြားကာလတက္ကသိုလ်ပညာရေးဖွင့်လှစ်ထားမှု ဒုတိယအသုတ်အနေဖြင့် ယခုနှစ်အတွက် ဖွင့်လှစ်ထားနိုင်မှုအခြေအနေ၊ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာ ကျောင်းများအတွက် လိုအပ်သည့် ပြဋ္ဌာန်းစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ရန် အစီအစဥ်များ၊ စစ်ဘေးရှောင်ရင်း ဒုတိယနိုင်ငံသို့ ရောက်ရှိသွားသည့် ကျောင်းသားများအတွက် ဝန်ကြီးဌာနက စီစဥ်ဆောင်ရွက်ပေးသည့် My Grand Schooling Project နှင့်ပတ်သက်သည့် လုပ်ငန်းစဥ်များအား သိရှိလိုကြောင်း စသည့် မေးခွန်းများ မေးမြန်းခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဘဏ္ဍာရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊  NUCC ရေးရာကော်မတီနှင့် ပညာရေးကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top