မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့ တွေ့ဆုံဆွေးနွေး

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့ “မြန်မာ့ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အပေါ် နောက်ဆုံးအခြေအနေများ ဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ CRPH နှင့် အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP DPR RI) တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး သင်ခန်းများကို အခြေခံ၍ ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူများက ရွေးကောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား ပံ့ပိုးကူညီလျက် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ကူညီသွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားအောက်လွှတ်တော်၊ နိုင်ငံတကာပါလီမန်များပူးပေါင်းဆောင်ရွက်မှုကော်မတီ (BKSAP) မှ ဥက္ကဌ Dr. Fadli Zon နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ

Bilateral Dialogue between the Committee Representing Pyidaungsu Hluttaw and the Inter-Parliamentary Cooperation Agency (BKSAP) of the Indonesian House of Representatives (DPR RI) was virtually held today

Bilateral Dialogue between the Committee Representing Pyidaungsu Hluttaw and the Inter-Parliamentary Cooperation Agency (BKSAP) of the Indonesian House of Representatives (DPR RI) was held today via video conference under the topic “Situational Update on Democracy and Peace in Myanmar”.

In the dialogue, two sides discussed the current political situation, humanitarian aid situation and COVID-19 response in Myanmar, about future cooperation between the CRPH and the BKSAP DPR RI to support in responding to Myanmar\’s humanitarian and political crisis.

Hon. Mr. Aung Kyi Nyunt, Chairman of the Committee Representing Pyidaungsu Hluttaw, Members of the CRPH, Chairwoman and Members of the CRPH International Relations Committee were present in the dialogue.

Scroll to Top