The Committee Representing Pyidaungsu Hluttaw
သတင်းထုတ်ပြန်ချက် အမှတ် (၇)
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
၁။ ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်အတွက်လည်းကောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ နိုင်ငံတကာဆက်ဆံရေးရုံးကို အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်အား ခန့်အပ်တာဝန်ပေးပြီး ဖြစ်ပါသည်။
၃။ နိုင်ငံတကာရေးရာကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သောပုဂ္ဂိုလ်များကို ဆက်လက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw


