မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်ဒုတိယနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း အစီအစဥ်ဒုတိယနေ့ ဆက်လက်ကျင်းပပြုလုပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် “လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များ” အား ရှင်းလင်းတင်ပြခြင်း အစီအစဥ်၏ ဒုတိယနေ့အဖြစ် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဖိတ်ခေါ်တွေ့ဆုံ၍ ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းစဥ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြရာ ရေးရာကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ပိုမိုခိုင်မာအားကောင်းစွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွဲလုပ်ဆောင်နိုင်မှုများ အားကောင်းလာစေရေး၊ ပြည်သူများနှင့် တော်လှန်ရေးအတွက် အားကောင်းသော အထောက်အပံ့များ ကူညီလုပ်ဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အပြန်အလှန်ထိန်းညှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်သွားနိုင်ရေးတို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသို့ CRPH ၏ ရှင်းလင်းတင်ပြခြင်းအစီအစဥ်များတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မေးခွန်းများအပေါ် ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2798/

class=wp-image-2799/
class=wp-image-2800/
class=wp-image-2801/
Scroll to Top