(ဖေဖေါ်ဝါရီလ – ၅ ရက်၊ ၂၀၂၁ ခုနှစ်) တွင် ၂၀၂၀ ရွေးကောက်ခံ ပြည်ထောငိစုလွှတ်တော်ကိုယ်စားလှယ် (၃၀၀) ကျော် တက်ရောက် ၍ ပြည်ထောင်စု လွှတ်အရေးပေါ်အစည်းအဝေးပြုလုပ် ။စစ်တပ်ကာကွယ်ရေး ဦးစီးချုပ် မှ ရွေးကောက်ခံ အရပ်သားအစိုးရ ထံမှ အဓမ္မ အာဏာသိမ်းယူပြီး နောက် – နေပြည်တော် စည်ပင်ရိပ်သာ မှ စစ်တပ်ဖိအားဖြင့် ဖယ်ရှားခံ ရပြီး ၊ နေရပ်အသီးသီးသို့ ပြန့်နှံ့ ရောက်ရှိသွားကြသော ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ (NLD) သည် (၂၄) နာရီအတွင်း မိမိတို့ ရောက်ရာ နေရာမှ Zoom Hluttaw လွှတ်တော် အရေးပေါ်အစည်းအဝေး ကို ခေါ်ယူခဲ့ကြသည် ။ အဆိုပါ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး သို့ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၉၈) ဦး တက်ရောက်ခဲ့ကြပြီး ၊ ဧည့်သည်လေ့လောသူများအဖြစ် ကုလသမဂ္ဂ တာဝန်ရှိသူများ ၊ အမေရိကန်ပြည်ထောင်စု ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ ၊ ဆွီဒင် ၊ နော်ဝေ ၊ UK အစရှိသည့် သံရုံးများမှ သံအမတ်များ နှင့်သံရုံးတာဝန်ခံများ တက်ရောက်ခဲ့ကြသည် ။ ရွေးကောက်ခံပြည်ထောင်စုလှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့အား ပြည်သူလူထုက ရွေးကောက်ပွဲများမှ တဆင့်ပေးအပ်ထားသည့်တရားဝင်မှုကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး အဆိုပါတရားဝင်မှုအား – စစ်ခေါင်းဆောင် များက အဓမ္မအာဏာသိမ်းယူထားသည့် မည်သည့်လုပ်ဆောင်ချက်ကမျှ ပျက်ပြယ်အောင် ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ကြေညာ သည် ။ ပြည်သူလူထုနှင့် ပြည်သူ့ဝန်ထမ်းများ ညီညွတ်စွာ ဖြင့် စစ်အုပ်ချုပ်ရေး ယန္တယား ရပ်တန့်စေရန် အာခံနေကြသည့် Civil Disobedience လှုပ်ရှားမှုအားထောက်ခံသည်။ ပြည်ထောင်စုလွှတ်တော်၏ အခွင့်အာဏာ ဖြင့်အတည်ပြုဖွဲ့စည်းထားသည့် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရအဖွဲ့သာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း မိမိတို့ မှတ်ယူသည် ။ နိုင်ငံတော်၏ ပြည်သူ့ အခွင့်အာဏာကို တရားမဝင် သိမ်းယူသူများသည် နိုင်ငံတော်သစ္စာဖေါက်များ ဖြစ်ကြသည် ။
* ပြည်သူ့အခွင့်အာဏာကို ပြည်သူ့ လက်ဝယ်အရပြန်ယူကြ ။
* Civil Disobedience ကို အားဖြည့် ဝန်းရံကြ ။
* အာဏာသိမ်းစစ်အစိုးရ ကို ဆန့်ကျင့်ကြ ။