မူလ / ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

The Committee Representing Pyidaungsu Hluttaw

ကြေညာချက်အမှတ်၊ (၁၂ /၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်)

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အုပ်စုက အဓမ္မနည်းဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

၂။       အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားသည့်အတွက် နိုင်ငံတော်သမ္မတက တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် အခြေအနေမရှိသည့်ကာလတွင် ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ၏ တာဝန်များကိုပါ ထမ်းဆောင်ရန် တာဝန် အပ်နှင်းလိုက်သည်။

 

(ပုံ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Scroll to Top