ကြေညာချက်အမှတ်၊ (၁၁/၂၀၂၁)
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်
ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့်ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေမရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါဝန်ကြီးဌာနအသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။
(၁) ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန
(၂) ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
(၃) ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၄) ဒေါက်တာဇော်ဝေစိုး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ပညာရေးဝန်ကြီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။
(ပုံ)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
The Committee Representing Pyidaungsu Hluttaw


