
ပြည်သူ့ရေးရာကော်မတီနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဥ်နှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအား အတူတကွ ချိတ်ဆက်ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ ၁၂၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Economy,

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ပြည်သူ့ဝန်ထမ်းသူရဲကောင်း (CDMer) (၁၆၂၄) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှုဖြင့် ဆန့်ကျင်ခဲ့ကြသည့် CDM ပြည်သူ့ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသောမိသားစုများအား ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးခံကြရသော ပြည်သူများအား ဥပဒေအရ အကူအညီပေးနိုင်ရေးနှင့်

လူ့အခွင့်အရေးချိုးဖောက်ခံရမှုစာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် ပိုမိုချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ကော်မတီတို့အကြား ညှိနှိုင်းဆုံးဖြတ်ခဲ့
ပြည်သူ့ရေးရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ ပြည်သူများအနေဖြင့် နေ့စဥ်နှင့်အမျှ ရင်ဆိုင်ခံစားနေရသည့် အကြမ်းဖက် စစ်အုပ်စု၏ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်နေမှုများအပါအဝင် ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်းသည့် အစည်းအဝေးတစ်ရပ်အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် (အင်္ဂါနေ့)၊ ၁၄၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်

ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ ၁၅၀၀ နာရီအချိန်တွင် ပညာရေးကော်မတီသည် ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌက CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများအတွက် စိတ်ပိုင်းဆိုင်ရာနှင့်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ CDM ဝန်ထမ်း (၁၀၉၇) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့
ပြည်သူ့ရေးရာကော်မတီသည် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုဖြင့် ဆန့်ကျင်ခဲ့ကြသည့် CDM ပြည်သူ့ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသောမိသားစုများအား ကူညီထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများစာရင်း ပြုစုရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီအတွက် ဝန်ကြီးဌာနများ၊

မြေပြင်တွင် တွေ့ကြုံနေရသော အခက်အခဲများအတွက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်စပ်လျဥ်း၍ ဆက်လက်ပူးပေါင်းလုပ်ဆောင်နိုင်ရေး တွေ့ဆုံညှိနှိုင်း
ပြည်သူ့ရေးရာကော်မတီသည် နယ်စပ်ဒေသအသီးသီးသို့ ရောက်ရှိနေကြသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မြေပြင်တွင် တွေ့ကြုံနေရသော အခက်အခဲများအတွက် ချိတ်ဆက်နိုင်မှုများ ပိုမိုအားကောင်းလာနိုင်စေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်း