မူလ / အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီသည် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီတို့အကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအားကောင်းလာစေရန် လေ့လာသုံးသပ်ချက်၊ သဘောထားများ၊ အကြံပြုချက်များ ပံ့ပိုးပေးခြင်းဖြင့် တာဝန်ယူ ဆောင်ရွက်ပါသည်။

NUCC ရေးရာကော်မတီသည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ပါ ပြဋ္ဌာန်းချက်များ၊ NUCCနှင့် JCC တို့၏ မူဝါဒပိုင်း ဆိုင်ရာများနှင့် လုပ်ငန်းစဥ်များအပေါ် လေ့လာသုံးသပ်ကာ CRPH မှ တာဝန် ပေးအပ်ထားသော NUCC ကောင်စီဝင်များနှင့် JCC အဖွဲ့ဝင်များအတွက် လိုအပ်သည့် အကြုံပြု ချက်များကို ပေးပါသည်။

ထို့ပြင် အားလုံးပါဝင်သော နိုင်ငံရေးဖြေရှင်းမှုကို နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများ အားလုံး ပူးပေါင်းပါဝင်နိုင်ရန် ရည်ရွယ်လျက် တိုင်းရင်းသားလူမျိုးများနှင့် လူနည်းစုများ အပါအဝင် မတူကွဲပြားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Scroll to Top