မူလ / ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်း

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည်။

ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်

၁။      အဓမ္မအာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်တစ်စုအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရန်။

၂။       အဓမ္မအာဏာသိမ်းယူထားစဉ် ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ဝန်ထမ်းများမှ ပြည်သူလူထုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ၊ ဥပဒေမဲ့ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှုများ၊ မုဒိန်းကျင့်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လုယက်မှုများနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မှုများအား ဖော်ထုတ် အရေးယူရန်။

၃။      အဓမ္မအာဏာသိမ်းယူထားစဉ် ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ဝန်ထမ်းများမှ နိုင်ငံတော်ပိုင်မြေပေါ်၊ မြေအောက် သဘာဝသယံဇာတများအား ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့်နှင့်အာဏာကို အသုံးပြု၍ အလွဲသုံးစား ပြုလုပ်ထားရှိမှုများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်။

၄။      ပြည်သူအချင်းချင်းကြား ဒုစရိုက်မှုများနှင့် တရားမဲ့ပြုကျင့်မှုများအား ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးနိုင်ရန်။

၅။      တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ယုံကြည်အားကိုးလက်ခံသည့် ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြု ပုံဖော်၍ ပြည်သူလူထုအပေါ်တွင် ဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ပြည်သူမှလေးစား တန်ဖိုးထားသော ရဲတပ်ဖွဲ့ ပေါ်ပေါက်လာစေရန်။                              

The Committee Representing Pyidaungsu Hluttaw

Scroll to Top