မူလ / အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်

အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသည့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်။

“၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြဌာန်းရခြင်း ရည်ရွယ်ချက်များ”

၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား အောက်ပါရည်ရွယ်ချက်များဖြင့် ပြဌာန်းလိုက်ပါသည်။

၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မတိုင်မီ ၂၀၂၁ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို မဖြစ်မနေ ပြဌာန်းနိုင်ရေး။

၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဓိက လိုအပ်လျက်ရှိသည့် ဘဏ္ဍာရန်ပုံငွေများကို အခွန်ထမ်းပြည်သူများ ကိုယ်တိုင် လိုလားစွာ ပေးဆောင်နိုင်သည့် အခွန်နှုန်းထားများနှင့် အညီ ကောက်ခံရရှိနိုင်ရေး။

၃။ ပြည်သူလူထုအပေါ် အဓိက ဝန်ထုတ်ဝန်ပိုးမဖြစ်စေမည့် အခွန်နှုန်းထားများကို ခေတ်ကာလ အခြေအနေ နှင့်လျော်ညီစွာ ပြဌာန်းပြီး ပြည်သူနှင့်အတူ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်လိုအပ်ချက်ကို ပြည်သူများလိုလားစွာ ထမ်းဆောင်သည့် အခွန်ဘဏ္ဍာရန်ပုံငွေများဖြင့် စနစ်တကျ သုံးစွဲနိုင်ရေး။

The Committee Representing Pyidaungsu Hluttaw

Legislation-01-Sept-2021
Scroll to Top