ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “ လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေ “ အားပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်။
ဩဂုတ်လ ၆ ရက် ၂၀၂၁ ခုနှစ်
“လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်ရခြင်း ရည်ရွယ်ချက်”
၁) ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်၊ ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ “ အောင်ဘာလေထီ “ သည် လုံးဝချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူနိုင်ရန်။
၂) ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရရှိနိုင်ဆိုသည့်အချက်ကို စစ်အာဏာရှင်များအား “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် အကောင်းဆုံးသက်သေပြရန်။
၃) မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန် နေသည့် CDM ဝန်ထမ်းများအတွက် ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်။
၄) အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းခြင်းခံထားရသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ “အောင်လံလွှင့်ချီ နွေဦးထီ” ကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေနှင့်အညီဖြစ်စေရန် ဤဥပဒေကို ပြင်ဆင်ပြဌာန်းရခြင်း ဖြစ်သည်။
The Committee Representing Pyidaungsu Hluttaw

