မူလ / အလုပ်သမားရေးရာကော်မတီ

LabourAffairs Committee

အလုပ်သမားရေးရာ​ကော်မတီသည် ပြည်တွင်း/ ပြည်ပရှိ အလုပ်သမားများ၏ အလုပ်သမား အခွင့်အရေးချိုးအလုပ်သမားရေးရာ​ကော်မတီသည် ပြည်တွင်း/ ပြည်ပရှိ အလုပ်သမားများ၏ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် အခြားကြုံ​တွေ့နေရ​သော အခက်အခဲများကို သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်သမားဝန်ကြီးဌာန (NUG)၊ ပြည်တွင်းပြည်ပရှိ အလုပ်သမား ရေးရာ ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီဖြေရှင်းပေးရန် ဖွဲ့စည်းတာဝန် ပေးအပ်ထားခြင်း ဖြစ်ပါသည်။

ကော်မတီသည် ပြည်တွင်းအလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရခြင်း ကိစ္စရပ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများကို စုံစမ်းမေးမြန်းကာ လိုအပ်သည့် ဥပဒေရေးရာ အကူအညီများ ပံ့ပိုးကူညီနိုင်ရေးနှင့် အလုပ်သမားအေဂျင်စီများ၏ ဥပဒေချိုးဖောက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးယူနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ရေး ကြိုးပမ်းလျက်ရှိပါသည်။

ကော်မတီသည် လက်ရှိအချိန်ကာလအတွင်း ပြည်တွင်း ကာကွယ်ပေးနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ ကြားကာလနှင့် အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အလုပ်သမားထုတို့၏ အခွင့်အရေး၊ ရပိုင်ခွင့်တို့အတွက် ပိုမိုကောင်းမွန်သော ဥပဒေ၊ မူဝါဒများ ပေါ်ပေါက်လာရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Scroll to Top