မူလ / ဘဏ္ဍာရေးရာကော်မတီ

ဘဏ္ဍာရေးရာကော်မတီ

ဘဏ္ဍာရေးရာကော်မတီ

ဘဏ္ဍာရေးရာကော်မတီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရတို့၏ ဘဏ္ဍာရေးရာကိစ္စရပ်များအား စနစ်တကျ စီစဥ် ဆောင်ရွက်ခွဲဝေသုံးစွဲနိုင်ရေးနှင့် ဘဏ္ဍာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခက်အခဲရှိလာပါက တွေ့ဆုံဆွေးနွေး အကြံပြုနိုင်ရန် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်း ဖြစ်ပါသည်။

 ဘဏ္ဍာရေးရာကော်မတီသည် ရန်ပုံငွေများ စနစ်တကျ ခွဲဝေသုံးစွဲရေးနှင့် ပြည်သူ့ဘဏ္ဍာငွေများကို စည်းမျဥ်းစည်းကမ်းများနှင့်အညီ သုံးစွဲရေးတို့အတွက် စီမံဆောင်ရွက် ပါသည်။

ထို့ပြင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ပြည့်ဝသော ဘဏ္ဍာငွေသုံးစွဲနိုင်ရေးအတွက် ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့နှင့် အတူပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

Scroll to Top