မူလ / ဖက်ဒရယ်ရေးရာကော်မတီ

ဖက်ဒရယ်ရေးရာကော်မတီ

ဖက်ဒရယ်ရေးရာကော်မတီသည် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရာ၌ ဖက်ဒရယ်စကားဝိုင်းများနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲရာတွင် ပြည်သူ တို့၏ အခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများနှင့် လူနည်းစုများ၏ အခွင့်အရေးကို ပြည့်ဝစွာ ပါဝင်ခွင့်ရှိစေရန် ရည်ရွယ် လုပ်ဆောင်လျက် ရှိပါသည်။

ပြည်သူလူထုအား ဖက်ဒရယ်နှင့်ဒီမိုကရေစီ၏ အဓိပ္ပာယ်များကို ကောင်းစွာနားလည်သိရှိ၍ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်ရာတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်လာစေရေးအတွက် ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာ အခြေခံအသိပညာများပေး၍ ဖက်ဒရယ် စကားဝိုင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။ 

အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အားလုံးပါဝင်နိုင်မည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဖက်ဒရယ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများအား ချိတ်ဆက်လက်တွဲဆောင်ရွက်ခြင်းများကို လက်တွဲဆောင်ရွက်လျက်ရှိပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ (JCC) တွင်လည်း ကော်မတီဝင်များ အနေဖြင့် ပူးပေါင်း ပါဝင်လျက်ရှိပါသည်။

Scroll to Top