“နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုတာကိုသိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ပျက်သောကဖြစ်ရပါတယ်။ ကျွန်တော်တို့အရင်ကပြောခဲ့သလိုပါပဲ မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့တစ်ခြားအရပ်ဘက်လူမှုအဖွဲ့အစည်းကပုဂ္ဂိုလ်တွေအကုန်လုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ တောင်းဆိုပါတယ်။ သမ္မတကြီးပြောခဲ့သလိုပါပဲ၊ စစ်တပ်ကအာဏာသိမ်းမှုဟာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး တိုက်ခိုက်ချေမှုန်းတာဖြစ်ပါတယ်” – နိုင်ငံခြားရေးဝန်ကြီးဌာန …
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုတာကိုသိရတဲ့အတွက် စိတ်ပျက်သောကဖြစ်ရ Read More »