မူလ / ဥပဒေပြုခြင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ဥပဒေပြုခြင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းတာဝန် များကို တာဝန်ခံဆောင်ရွက်ရန် တာဝန်ပေးအပ်ရာတွင် ဥပဒေပြုရေးလုပ်ငန်းသည် အဓိက ပါဝင်ပါသည်။
ဥပဒေပြုခြင်းလုပ်ငန်းများအား ဥပဒေရေးရာကော်မတီက တာဝန်ခံဆောင်ရွက်ပြီး တော်လှန်ရေးကာလအတွင်း လိုအပ်သည့်ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းနှင့် နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ထုတ်ပြန်ခြင်းများကို ဆောင်ရွက်နေသည့်နည်းတူ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်နှင့် ကိုက်ညီမည့် ဥပဒေ၊ မူဝါဒများကိုလည်း လေ့လာသုံးသပ်လျက်ရှိပါသည်။
အာဏာသိမ်းချိန်မှ လက်ရှိအချိန်အထိ အောက်ပါ ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါသည်

၁။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁
     (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၂၁)

၂။  ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂/၂၀၂၁)

၃။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃/၂၀၂၁)

၄။  ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄/၂၀၂၁)

၅။  လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅/၂၀၂၁)

၆။  ၂၀၂၁ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆/၂၀၂၁)

၇။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ
      (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၂၂)

၈။  ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ
      (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂/၂၀၂၂)

၉။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ
     (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၂၃)

၁၀။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၂၅)

၁၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ
       (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂/၂၀၂၅)

Related Posts

“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ပြဋ္ဌာန်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည် – (က) ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ပြည်သူလူထု၏

Read More »

“အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ပြဋ္ဌာန်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM အောင်မြင်ရေးကော်မတီ (CDM Success Committee) က အောက်ပါ ရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည် –

Read More »

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည်- “၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်များ” ၁။            အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ဖြစ်သည်နှင့်အညီ

Read More »

ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည်။ “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်” ၁။      အဓမ္မအာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်တစ်စုအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရန်။ ၂။       အဓမ္မအာဏာသိမ်းယူထားစဉ် ကာလအတွင်း စစ်ကောင်စီနှင့်

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် – ၁)၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

Read More »
Scroll to Top