
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ကမ္ဘာ့အလုပ်သမားနေ့ (May Day) အခမ်းအနားနှင့် အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေး ဆိုင်ရာမူဝါဒ မိတ်ဆက်ခြင်းအခမ်းအနားတွင် CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်း ပြောကြားသည့် အမှာစကား
၁-၅-၂၀၂၆ (သောကြာနေ့)၊ နံနက် ၁၀၀၀ နာရီ (မြန်မာအချိန်) ယနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့၊ မေဒေး အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီ သမ္မတကြီးနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးရာ၊ အလုပ်သမားနှင့်

ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ဒေါက်တာငိုင်းတမ်မောင်း၏ ဖြေကြားချက်
(၁၉-၁၂-၂၀၂၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေး (ဒုတိယနေ့) တွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၏ မေးခွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ ဒေါက်တာငိုင်းတမ်မောင်း၏ ဖြေကြားချက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် ဒေါ်နီနီဒွန်း(ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး)။

Statement on the resolution of the International Labour Organization to take effective action against terrorist military group
8 June 2025 1. We, the Committee Representing the Pyidaungsu Hluttaw, welcomes the adoption of a resolution, at the plenary session of the 113th International

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) သို့ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၅ ခုနှစ်၊ မေလ ၁ ရက် ၁။ ယနေ့ကျရောက်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများရှိ အလုပ်သမား၊ ပြည်သူများအားလုံး အလုပ်သမားထု၏ အခွင့်အရေးများအား နိုင်ငံတကာစံနှုန်းများအညီ အပြည့်အဝရရှိခံစားနိုင်ကြကာ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်များ ကင်းရှင်း၍ ကိုယ်စိတ်နှစ်ပါး

(၁၁၃) ကြိမ်မြောက် International Labor Conference (ILC) တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၅၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အလုပ်သမားရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနတို့သည် စစ်ကောင်စီအား Article 33 အရ အရေးယူဆောင်ရွက်နိုင်ရေးနှင့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့အား အသိအမှတ်ပြုရေးကိစ္စနှင့်စပ်လျဥ်း၍ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ရေးရာကော်မတီအဖွဲ့ဝင်များက ၂၀၂၅

CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းသည် ၂၆-၃-၂၀၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့၏ ဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံအောက်လွှတ်တော်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင်
