
“နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုတာကိုသိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ပျက်သောကဖြစ်ရပါတယ်။ ကျွန်တော်တို့အရင်ကပြောခဲ့သလိုပါပဲ မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့တစ်ခြားအရပ်ဘက်လူမှုအဖွဲ့အစည်းကပုဂ္ဂိုလ်တွေအကုန်လုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ တောင်းဆိုပါတယ်။ သမ္မတကြီးပြောခဲ့သလိုပါပဲ၊ စစ်တပ်ကအာဏာသိမ်းမှုဟာ နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး တိုက်ခိုက်ချေမှုန်းတာဖြစ်ပါတယ်” – နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်
We are disturbed by reports that the military has charged State Counsellor Aung San Suu Kyi with additional criminal acts. As we have before, we call on the Burmese military to immediately release all unjustly detained civilian and political leaders, journalists, human rights activists and other members of civil society, as well as to restore the democratically elected government. As the President has said, the military seizure of power is a direct assault on the country’s transition to democracy and the rule of law. -Ned Price, Department of State Spokesperson.