Disclaimer

၁။ ပြည်သူတစ်ရပ်လုံးက နိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို နည်းလမ်းပေါင်းစုံဖြင့် ဆင်နွှဲလျက်ရှိပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) အနေဖြင့်လည်း ပြည်သူလူထုပေးအပ်သော အခွင့်အာဏာကိုအသုံးပြု၍ ပြည်သူ့အာဏာပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေမှုများကို ပြည်သူလူထုနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံးထံ အချိန်နှင့်တပြေးညီ အစီရင်ခံနိုင်ရေးနှင့် ထိရောက်လျင်မြန်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် CRPH ၏ Official Website(Phase 1)ကို လွှင့်တင်လိုက်ပါသည်။

၂။ ဤ CRPH ၏ တရားဝင်ဝပ်ဘ်ဆိုဒ် (ပထမအဆင့်) အား ရက်အနည်းငယ်အတွင်း ပြုလုပ်ခဲ့ရသဖြင့် လိုအပ်ချက် အနည်းနှင့်အများ ရှိနေနိုင်ပါသည်။ ထိုလိုအပ်ချက်များကို အချိန်ယူ၍ ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသွားရန် စီစဉ်ထားပါသည်။

၃။ ဤ ဝပ်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင် အများစုမှာ ပြည်သူလူထုနှင့် လွတ်လပ်သော သတင်းဌာနများ၏ ရိုက်ကူးတင်ဆက်မှုများကို မှတ်တမ်းမှတ်ရာ ကျန်ရှိစေရန်နှင့် တစုတစည်းတည်းတည်ရှိစေရန်အတွက် ထပ်ဆင့်ကူးယူဖော်ပြထားခြင်းသာဖြစ်ပြီး ထိုသို့ကူးယူဖော်ပြခြင်းအား ခွင့်ပြုပေးပါရန် မူပိုင်ခွင့်မူရင်းပိုင်ရှင်များအား လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

၄။ ဤ ဝပ်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် အချို့ ဓာတ်ပုံများနှင့် ဗီဒီယိုများသည် စိတ် မချမ်းမြေ့ဖွယ်ရာများ၊ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်သည်များ ပါဝင်နေနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

Web Admin Team