ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ် ( ၁၂ )

ရက်စွဲ။ ။၂၀၂၁ ခုနှစ်၊ဧပြီလ၊ ၂၆ ရက်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)သည် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များ၏ တာဝန်လွှဲအပ်မှုဖြင့် ၅-၂-၂၀၂၁ ရက်မှစတင်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်ဖွဲ့စည်းကာလွှတ်တော်တာဝန်များ စတင် ထမ်းဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သည့်တိုင်းရင်းသားကိုယ်စားလှယ်များကို ထပ်မံတိုးချဲ့ကာ အဖွဲ့ဝင် ၁၇ ဦးဖြင့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၀-၄-၂၀၂၁ ရက်တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၁။ ဦးအောင်ကြည်ညွန့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆)
မကွေးတိုင်းဒေသကြီး။

၂။ ဦးလမာနော်အောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ကချင်ပြည်နယ်ပြည်သူ့ပါတီ
အင်ဂျန်းယန်မဲဆန္ဒနယ်
ကချင်ပြည်နယ်။

၃။ ဦးစည်သူမောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ပန်းဘဲတန်းမဲဆန္ဒနယ်
ရန်ကုန်တိုင်း။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ