News and Press Release

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ကြေညာချက်

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ကြေညာချက်၎င်းတို့၏တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့်အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မိမိတို့တောင်းဆိုပါသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချပါသည်။စစ်တပ်က ဆက်သွယ်ရေးစနစ်ကိုကြားဖြတ်နှောင့်ယှက်ခြင်းအပြင် မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် ဥပဒေအရအကာအကွယ်ပေးထားသည့်အခြေခံအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်ခြင်းအတွက်လည်း မိမိတို့ လူသိရှင်ကြားကန့်ကွက်ရှုတ်ချပါသည်။ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုကို ရှာဖွေနေကြသော …

မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ကြေညာချက် Read More »

CDM လှုပ်ရှားမှုနှင့်အတူ အမေရိကန်ရပ်တည်ကြောင်းကြေငြာ

လုပ်ငန်းခွင်မသွားဘဲ သပိတ်မှောက်ခြင်းလှုပ်ရှားမှုနှင့် ဆန္ဒပြခြင်းတို့ဖြင့်ဒီမိုကရေစီကိုလိုလားသည့်အကြောင်းကို မြန်မာပြည်သူလူထုက ပြသနေကြပါသည်။ မိမိတို့ကလည်း၎င်းတို့နှင့်အတူရပ်တည်ပါသည်။

လုံခြုံရေးကောင်စီကနေ အရေးယူဖို့ အထူးကိုယ်စားလှယ် တောင်းဆိုပြီ

“လုံခြုံရေးကောင်စီကနေ အရေးယူဖို့ အထူးကိုယ်စားလှယ် တောင်းဆိုပြီ” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို စီးပွါးရေးပိတ်ဆို့မှုနဲ့ လက်နက်ပိတ်ဆို့မှုတွေနဲ့ အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထွက်လာပြီးပြီးချင်းမှာပဲ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။နိုင်ငံတော်ကို လက်နက်နဲ့ပုန်ကန်ပြီး အာဏာကိုအဓမ္မရယူသိမ်းပိုက်ထားတဲ့ မြန်မာစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုတွေလုပ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုကလည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ …

လုံခြုံရေးကောင်စီကနေ အရေးယူဖို့ အထူးကိုယ်စားလှယ် တောင်းဆိုပြီ Read More »

လူ့အခွင့်အရေး ကောင်စီမှ ဆုံးဖြတ်ချက် ချမှတ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ပေးပို့ခဲ့သော ပန်ကြားလွှာကို ဗြိတိန် သံအမတ် ဂျုလီယန် ဘရိတ်ဝိတ်က အထူး အစည်းအဝေးတွင် ဖတ်ကြားပေးခဲ့သည်။ ည ၁၀:၀၀ (မြန်မာ စံတော်ချိန်) ကုလ လူ့အခွင့်အရေးကောင်စီ၏ သောကြာနေ့တွင် ကျင်းပခဲ့သော မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျှင်း၍ ကျင်းပသော အထူး …

လူ့အခွင့်အရေး ကောင်စီမှ ဆုံးဖြတ်ချက် ချမှတ် Read More »

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူး တင်သွင်းသည့် တောင်းဆိုချက် လေးရပ်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူး တင်သွင်းသည့် တောင်းဆိုချက် လေးရပ် (၁) ဖမ်းဆီးခံထားရသူများအား ခြွင်းချက် မရှိ ပြန်လွှတ်ပေးရန်။ (၂) ၎င်းတို့၏ အခြေခံ လူ့အခွင့်အရေးကိုကျင့်သုံးနေသော မြန်မာပြည်သူများအားဖိနှိပ် ဖမ်းဆီး နေမှုများ ရပ်ဆိုင်းရန် (၃) ဥပဒေနှင့် အညီတင်မြှောက်ထားသော …

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး သံတမန် တွမ် အင်ဒရူး တင်သွင်းသည့် တောင်းဆိုချက် လေးရပ် Read More »

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း သတင်းထုတ်ပြန်ချက်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံ၏ အသစ်ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ သတင်းသမားများနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များစွာကို တပ်မတော်ကဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဤသည်မှာအာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်း …

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း Read More »

အမေရိကန် မှ ပထမအဆင့် စတင် အရေးယူပြီ

အမေရိကန် မှ ပထမအဆင့် စတင် အရေးယူပြီ“အမိန့်နာခံရ၍ ဆိုသည်ကို လက်မခံ” အင်အားသုံးပါက အရေးယူသွားမည်ဟု ကုလ သတိပေး အမေရိကန် စံတော်ချိန် ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ တွင် မြန်မာရှိ အာဏာသိမ်းခေါင်းဆောင်များအား ဒဏ်ခတ် အရေးယူမည့် ကနဦး အစီအစဉ်များကို သမ္မတ …

အမေရိကန် မှ ပထမအဆင့် စတင် အရေးယူပြီ Read More »

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းထန်စွာအရေးယူမည်ဟု ဂျပန်လွှတ်တော်အမတ်များ ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်တွေကို ချက်ချင်းလိုက်နာခြင်းမရှိပါက အမေရိကန်၊ အီးယူနိုင်ငံတို့နဲ့ ပူးပေါင်းပြီး ပြင်းထန်စွာအရေးယူမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေက ကြေညာပါတယ်။ ဒီကနေ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် ချီယိုဒမြို့ရှိ ပြည်သူ့လွှတ်တော်အဆောက်အုံမှာ ကျင်းပတဲ့ မြန်မာ့အရေးကြားနာဆွေးနွေးပွဲမှာ ဂျပန်လွှတ်တော်အမတ်တွေက အချက်၅ ချက်ပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ …

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းထန်စွာအရေးယူမည်ဟု ဂျပန်လွှတ်တော်အမတ်များ ကြေညာ Read More »

Scroll to Top