ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပညာရေးကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ယနေ့ (၁၁:၀၀) နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံကာ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သင့်သောကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ …