တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် နိုင်ငံသားများအနေဖြင့် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို အကာအကွယ်ပေးနိုင်သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းလာသည့်အချိန်အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပူးပေါင်း၍ မိမိတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို စုပေါင်းအားဖြင့် ကာကွယ်နိုင်ရန်ဤကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို ထုတ်ပြန်လိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)(ယနေ့ည ၁နာရီမှ မနက်ဖြန်မနက် ၁၂နာရီထိ အင်တာနက်ဖြတ်တောက်မည့်သတင်းများထွက်နေ့သဖြင့် ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။)

May be an image of text
May be an image of text
No photo description available.
May be an image of text